Thursday, November 1, 2018


အနာဂတ် လမ်းညွှန်


မဿဲ ၅:၁၅-၁၆
ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သား အပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ ထားလေ့ရှိ၏။ ထိုနည်းတူ သူတပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကို မြင်၍ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေ ခြင်းငှာ သူတပါးရှေ့၌ သင်တို့သည် အလင်းကို လင်းကြလော့။

ကျွန်ုပ်တို့ နေထိုင်သော ဤလောကကမ္ဘာကြီး၌ လူသားများသည် ရည်ရွယ်ချက် အမျိုးမျိုးကို အောင်မြင်ဖို့ရန် နေ့ညမပြတ် ကြိုးစား၍ အသက်ရှင်ကြသည်။ ယုံကြည်သူများသည် ထိုနည်းတူ ကြိုးစားနေကြသည်။ ကျမ်းစာ၌ ထို့ကြောင့် အဘယ်သို့ စားသောက်ရမည်နည်း၊ အဘယ်သို့ ဝတ်ရမည်နည်း ဟူ၍ မရှာဖွေကြနှင့် ဟု ယုံကြည်သူများကို သတိပေးထားသည်။ နေထိုင်ရေး၊ စားသောက်ရေး တိုးတက်အောင်မြင်ရေးတို့သည် ယုံကြည်သူများအသက်တာ၌ ဘုရားစကားကို နားထောင်သည့်အခါ နောက်ဆက်တွဲ ကောင်းကြီးဖြစ်သည်။

နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့ဟု ဖော်ပြထားပါသည်။ ယုံကြည်သူများ ရှေးဦးစွာ ဘုရား ခိုင်းသည့်အရာကို မရှာသောအခါ နောက်မှာရှိတဲ့ ထိုအရာများကို မခံစားရတော့ပါ။ ထို့ကြောင့် လောက၌ နေစဉ် စာတန်နှင့် အပေးအယူလုပ်၍ နှုတ်ကပတ်တော်ကို ကျောခိုင်းကာ အောင်မြင်ရေး၊ တိုးတက်ရေး၊ ကောင်းစားရေးတို့၏ သားကောင်များ ဖြစ်နေကြသည်။ ရောမသြဝါဒစာ၌ တစ်ပါးတည်းသော သားတော်ကို ပေးသွားပြီး ကျန်တဲ့အရာ မပေးဘဲ နေတော်မူလော့ဟု စိုးရိမ်တတ်သော လူသားများကို သတိပေးထားသည်။

ယုံကြည်သူများ အသက်တာ၌ တိုးတက်အောင်မြင်ခြင်းရှိဖို့ လိုပါသည်။ ထိုသို့သော တိုးတက် အောင်မြင်ရေးအတွက်သာ အသက်ရှင်နေသည်။ မှားယွင်းသည်။ ထို့ကြောင့် ကျွန်တော်တို့ကို သခင်ယေရှုက အသွေးသွန်း အသက်ပေးကာ အဖိုးပေး၍ ရွေးဝယ်ခဲ့သည်။ ယေရှုကပြောတယ်။ သင်တို့သည် လောက၏အလင်းဆင်းရဲချမ်းသာ အောင်မြင်ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်းတို့သည် အလင်းမဖြစ်နိုင်ပါ။ အလင်းသည် ဘုရားစကား နားထောင်ခြင်း၊ ဘုရား၏ ပုံသက်သေနှင့် အသက်ရှင်ခြင်းကိုကို ဆိုလိုသည်။ မီးခွက်ကို တောင်းဇလားနှင့် မဖုံးဘူး။ အမြင့်မှာ ထားမယ်ဆိုတာ မိတ်ဆွေ သိပြီးသားပါ။ အလင်းက တန်ဖိုး ကြီးမားလို့ အမြင့်မှာ ထားတာမဟုတ်ပါ။ အလင် ဖြစ်လို့ သူတပါး မြင်ခြင်းငှာ တင်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ အသက်တာ၌ အလင်းဖြစ်မယ်ဆိုရင် အမြင့်မရောက်မှာ စိတ်ပူစရာ မဟုတ်ပါ။ အမြင့်ရောက်ဖို့ ကြိုးစားစရာ မလိုပါ။ အလင်း၏နေရာသည် အလင်းဖြစ်သည်။

ယနေ့ ယုံကြည်သူများသည် အလင်းကို သတိမရဘဲ သဘောကျနေကြသည်။ ယနေ့ အမြင့်ရောက်ရခြင်းသည် ကိုယ့်ကို သူတပါး မြင်ဖို့ရန်အတွက် မဟုတ်၊ ကိုယ့်အားဖြင့် ဘုရားကို မြင်ဖို့ရန် ဖြစ်သည်။ ပညာရှိ၊ ပညာတတ်၊ ရာထူးရှိသူ၊ အာဏာရှိသူ၊ ဆင်းရဲ၊ ချမ်းသာသောသူကို ကျွန်တော်အားဖြင့် ဘုရားသခင်ကို မြင်ဖို့ရန် ရွေးချယ်ခံထားရသော သူများဖြစ်သည်။ ထို့ကြောင့် စား သော်လည်းကောင်း၊ သောက် သော်လည်းကောင်း ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ပြုကြရမည်ဟု ကျမ်းစာ၌ ပါရှိသည်။ ဘုရားသခင် သားတော် ပေါ်ထွန်းခြင်းကို လောကီသားတို့သည် အလွန် တောင့်တမျှော်လင့်လျက်ရှိသည်ဟု ကျမ်းစာ၌ ဖော်ပြထားသည်။

သင်၏ အနာဂတ်ကို မြင်နိုင်မည့်အကြောင်း ကျွန်တော် ဆုတောင်းပေးပါသည်။

Written by Pastor Solomon

No comments:

Post a Comment

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...