Saturday, August 11, 2018


မကွာစေနိုင်သည်သာမက အောင်မြင်စေ၏


ရောမ ၈:၃၇။ မကွာစေနိုင်သည် သာမက၊ ငါတို့ကို ချစ်တော်မူသော သူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် အမှုခမ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။

တမန်တော် ရှင်ပေါလုက ရောမ ၆:၃၅-၃၆တွင် ဆင်းဒုက္ခများကို စာရင်းပြုစု၍ ဖော်ပြထားပြီး ထိုဆင်းရဲဒုက္ခများကို ယုံကြည်သူများ၊ အမှုတော်ဆောင်များ အချိန်တိုင်း၊ ကာလတိုင်းတွင် တွေ့ကြုံခံစားခဲ့ရကြောင်းကို ဖော်ပြခဲ့သည်။ ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲဒုက္ခများနှင့် တွေ့ကြုံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ပစ္စည်းဥစ္စာဆင်းရဲခြင်းနှင့် ဘေးအန္တရာယ် ရောက်ခြင်းတို့ကို ခေတ္တခံစားရနိုင်ပါသည်။ ထိုအချိန်၌ သစ္စာရှိခြင်း အရေးကြီးလှသည်။ ဖြောင့်မတ်ခြင်းတရား၌ သစ္စာရှိသော ယောဘကဲ့သို့ ဖြောင့်မတ်ခြင်းတရားကို စွဲလန်းယုံကြည်စိတ်ချရမည်(ဝန်လေး၍ ပင်ပန်းသောသူ ငါ့ထံသို့ လာကြာလော။ ငါသည် ချမ်းသာပေးမည်ဟု ပြောသော ဘုရားက သူ၏ စကားကို နားထောင်လိုမည့်သူကိုမှာ ဝန်ဖြစ်စေမှာမဟုတ်ပါ)။ ဖြောင့်မတ်ခြင်းတရားနှင့် အသက်ရှင်သောသူအတွက် အခက်အခဲပြဿနာများသည် အံ့ဩဖွယ်ကောင်းသော ကောင်းကြီးမင်္ဂလာများနှင့် အောင်မြင်ခြင်းကို ယူဆောင်လာပေးသော မိတ်ဆွေဖြစ်မည်။ ယုံကြည်သူများသည် ဒုက္ခဆင်းရဲခြင်းနှင့် တွေ့ကြုံရလျှင် ထိုအတွေ့အကြုံအားဖြင့် ဘုရားသခင်၏ မေတ္တာ၊ နှစ်သိမ့်မှုကို ပိုမို ခံစားခွင့်ရကြသည်။ အချို့သော ယုံကြည်သူများက ဆင်းရဲခြင်းများ တွေ့ကြုံရာ၌ ငါ့မှာ သခင်မရှိတော့ဘူးလား၊ ငါ့ကို စွန့်ပစ်ထားပြီလား၊ ဘုရားသခင်၏ ချစ်ခြင်းမခံစားရ သကဲ့သို့ ယုံကြည်ခြင်း၊ နုနယ်သူများ ခံစားတတ်ကြသည်။ ထိုသို့ မခံစားသင့်ပါ(စာတန်ပေးသော စိတ်ဖြစ်သည်)။

အခက်အခဲများ ခံစားရလျှင်လည်း အထူးသဖြင့် အောင်မြင်ခြင်းအခွင့်ကို ခရစ်တော်အားဖြင့် ခံစားရသောသူများဖြစ်ဖို့ သေချာကြောင်း ကျမ်းစာ၌ ဖော်ပြထားသည် (တစ်ချို့ ယုံကြည်သူများ ဝိညာဉ်ရေးရာကျဆုံးရခြင်းဖြစ်သည်)။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် မေတ္တာမခံစားရခြင်း၊ နည်းပါးရခြင်း၊ ပြင်ပမှာ ပြင်းထန်သော ဖိအား သို့မဟုတ် ဆုံးရှုံးမှုများ၏ ဖိစီး နှိပ်စက်မှုများကြောင့် ဝိညာဉ်ရေးရာ ကျဆုံးရသည်ဆိုသည်မှာ (လုံးဝလုံးဝ)မဟုတ်ပါ။ သူကိုယ်တိုင် သခင်ယေရှုအတွက် ရပ်တည်မှုမရှိခြင်း၊ သမ္မာတရားနှင့် အသက်ရှင်မှုမရှိခြင်း၊ တစ်နည်းအားဖြင့် သမ္မာတရားကို မှီခိုခြင်း၊ အားထားခြင်း၊ ဝန်ခံခြင်းတို့မရှိ၊ လစ်လျူရှုသောကြောင့် ဆုံးရှုံးရခြင်းဖြစ်သည်။

အခက်အခဲ ဆုံးရှုံးမှုများကို အကြီးမြတ်ဆုံးသော ဘုရား၊ အသွေးသွန်း၊ အသက်ပေး ချစ်သောဘုရား၊ အရာခပ်သိမ်းကို တတ်နိုင်သောဘုရား၊ ထာဝရအသက် ရှင်စေသော ဘုရားနှင့် မကင်းကွာစေနိုင်ပါ။ သင်၏ ယုံကြည်ခြင်း မရှိခြင်းသည် အသက်ရှင်သော ဘုရားနှင့် သင့်ကို ကွာစေသည်။

Written by Pastor Solomon


1 comment:

Title of the document Myanmar Evangelist Training(Sep-Oct) "မြန်မာနိုင်ငံဧဝံဂေလိဓမ္မဆရာဖြစ် သမ္မာကျ...