နှုတ်ကပတ်တော်
နှုတ်ကပတ်တော်မှာ အသစ်မရှိဘူး။ အသက်ပဲရှိတယ်။ ချစ်သော ညီအစ်ကိုများ ယနေ့ ယုံကြည်သူတွေဟာ နှုတ်ကပတ်တော်သင်ကြားခြင်း အသစ်တွေ၊ နှုတ်ကပတ်တော်ဖွင့်ပြခြင်း အသစ်တွေကို သဘောကျကြတယ်။ အဲဒီ နောက်ကို လိုက်နေကြ၊ သဘောတူကြတယ်။ လူဟောင်းမှာ လူသစ်ဆိုတာရှိပါတယ်။ ပဋိညာဉ်တရားဟောင်း၊ ပဋိညာဉ်တရားသစ်ဆိုတာ ရှိပါတယ်။ ဓမ္မဟောင်းကာလမှ ဓမ္မသစ်၊ တစ်နည်းအားဖြင့် ပညတ်တော်မှ ကျေးဇူးတော်တရားခေတ် ရှိပါတယ်။ အဟောင်းမှ အသစ်ဆိုတာ အဓိပ္ပာယ်က ပြောင်းလဲခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။ လူဟောင်းမှ လူသစ်သို့ ပြောင်းလဲသွားတယ်။ လူဟောင်းအသက်တာ မရှိတော့ဘူး။ လူသစ်ဖြစ်တယ်။ ပြောင်းလဲခြင်းကို ဆိုလိုပါတယ်။ နှုတ်ကပတ်တော်မှာ အသစ်မရှိဘူး။ အသက်ပဲရှိတယ်။ ပြောင်းလဲခြင်းလည်း မရှိဘူး။ နှုတ်ကပတ်တော်ဟာ ဘုရားသခင် မှုတ်သွင်းထားတာဖြစ်တယ်။ ကောင်းကင်နှင့် မြေကြီးပျက်စီးရင်တောင် နှုတ်ကပတ်တော်စကား တစ်လုံးမှ မပျက်စီးပါဘူး။ မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ တည်သော နှုတ်ကပတ်တော်ဖြစ်တယ်။ နှုတ်ကပတ်တော်ဟာ တန်ခိုးနှင့် ပြည့်စုံတယ်။ နှုတ်ကပတ်တော်မှာ အသစ်မရှိဘူး။ အသက်ပဲရှိတယ်။ အသက်ဆိုတာ ရှင်ခြင်းဖြစ်တယ်။ နှုတ်ကပတ်တော်ကို ယုံကြည်၍ လိုက်လျှောက်ကြည့်ပါ။ နှုတ်ကပတ်တော်ရေးသမျှဟာ အသက်ရှင်ကြောင်း သင် သိရလိမ့်မည်။ အသက်ရှင်တဲ့ လက္ခဏာ သက်သေရှိတယ်။ ထိုလက္ခဏာသည် ဘုရားရှိကြောင်း၊ ဘုရားအသက်ရှင်ကြောင်း သက်သေသာဖြစ်တယ်။ လူတွေရဲ့ နားဟာ ယားနေတယ်။ ထိုနားကြောင့် လွဲမှားနေတယ်။
Written by Pastor Solomon
posted on fb
ReplyDelete